နမ့်ဆန် ဇူလိုင် ၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ အခြေခံပညာ မူလတန်းကျောင်း (အမက-၅) ကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ (၇၅)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ ဆောင်ရွက်ရာတွင် အမက-၅ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူခိုင်မှ အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိ အကြောင်းအရာများကို ဟောပြောပြီး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူ အသိပညာများ ရရှိစေရန် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
နမ့်ဆန်ဒေသ (ပြန်/ဆက်)