အင်တော ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အုန်းကွဲကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးဆိုးကျိုးများသိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောတွင် ကျောင်းအုပ်ဆရာမကြီးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်လှလှထွေးက မူးယစ်အစဆေးလိပ်က၊ ကွမ်းစားသုံးခြင်းအန္တရာယ်နှင့် သတိပေးနိုးဆော်ချက်များ၊ ခံတွင်း ကင်ဆာဖြစ်ပွားခြင်း၊ မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း၊ မြန်မာနိုင်ငံတွင်တွေ့ရှိရသော မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး ဟောပြောသည်။
ထို့နောက် အင်တောမြို့ မြိုလျှပ်စစ်ဦးစီးမှူး ဦးမျိုးမင်းကိုက လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲ သင့်သည့် နည်းလမ်းများ၊အိမ်တွင်း မီးများကို အတတ်နိုင်ဆုံးလျော့ချသုံးစွဲရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်ဓာတ်အားကို ချွေတာ သုံးစွဲရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပြင်ပအလင်းရောင်ကိုအသုံးပြုကာ အိမ်တွင်းလျှပ်စစ်မီးများ ကိုအတတ်နိုင်ဆုံး လျော့ချရေးစသည့် လျှပ်စစ်မီးချွေတာသုံးစွဲရေးနှင့် ပတ်သက်သည့်အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အင်တောမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လျှပ်စစ်မီးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား / သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အင်တော ( ပြန်/ဆက်)