ဆီဆိုင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ပေး

ဆီဆိုင် ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက်- ဂျိုက်သိုးစသည်တို့ကို ထိုးနှံတိုက်ကျွေးပေးခြင်းနှင့် ကလေးကိုယ် အလေးချိန်တိုင်းတာပေးခြင်း၊ ကိုယ်ဝန် ဆောင် မိခင်များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မေးခိုင်ကာကွယ်ဆေး ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)