ပုံပါကျင်မြို့Community Center ခန်းမ၌ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပုံပါကျင် ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနCommunity Centreခန်းမ၌ ယမန်နေ့ ညနေပိုင်း အချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်း ရည် တိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးလာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့သည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ‌ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်အနိုင်ရရှိသည့်‌ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြူနိုင်(ပြန်/ဆက်)