မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီးသူများအား Booster Dose ထပ်ဆောင်း နှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မချမ်းဘော့ ဇူလိုင် ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးသူများအား Booster Dose ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မချမ်းဘော့မြို့ မြို့မဈေးနှင့် အထက မချမ်းဘော့ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးသူ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပြီးစီးမှု အမျိုးအစားအလိုက် အုပ်စုခွဲ၍ မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်စည်ပင် ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ရာ နံနက်ပိုင်းတွင် အသက် ၁၈ နှစ်နှင့် အထက် မိဘပြည်သူများ Booster ထပ်ဆောင်း (၁၄)ဦးနှင့် အထက မချမ်းဘော့ကျောင်းတွင် အသက် ၁၂ နှစ် နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား First Dose (၃၅)ဦးနှင့် Second Dose (၂၂၃)ဦး ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉‌ ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် အတူ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)