ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး​ ကျောင်းသား​၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ​

ဒဂုံ ဇူလိုင် ၈

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ယ​နေ့နံနက်၀၉:၀၀ နာရီမှ ၁၁:၂၅ နာရီအချိန်ထိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးထိုး​ပေးခြင်း  ဆောင်ရွက်ခဲ့သည် ။

ပထမအကြိမ် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာတွင် ကျောင်းသား ၃၅ ဦး၊ကျောင်းသူ ၄၁ ဦး၊ပေါင်း ၇၆ ဦး၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာတွင် ကျောင်းသား ၂၀၆ ဦး၊ ကျောင်းသူ ၁၄၀ ဦး၊ ပေါင်း၃၄၆ ဦး၊ စုစုပေါင်း ကျောင်းသား ၂၄၁ ဦး၊ ကျောင်းသူ ၁၈၁ ဦး၊ ပေါင်း ၄၂၂ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦး နှုန်းဖြင့် ဆေးအလုံးရေ ၈၄.၄လုံး ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ထိုကဲ့သို့ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ​ပေးစဉ် လုံခြုံရေးအား ရန်ကုန်တပ်နယ်မှ ဗိုလ်ကြီးသက်ညီညီမောင် ဦးစီး (၁+၅)ဦး၊ အမှတ်(၃) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်သူရဟန်ဦးစီး (၁+၇)ဦး၊ ဒဂုံမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးကျင်ဆန်း ပါ(၄) ဦးတို့မှ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

​မေသန္တာ