အလုံမြို့နယ်တွင် အခြေခံပညာအဆင့် ကျောင်းသား၊ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

အလုံ ဇူလိုင်

ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ​ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိရာ ယ​မန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အမှတ်()အ​ခြေခံပညာ အထက်တန်း​ကျောင်း၌  ​​၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ကျောင်းသူ(၂၀၅)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းနှင့် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ကျောင်းသူ(၁၈၃)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ပထမအကြိမ်ထိုးနှံ​ပေးပြီး စုစု​ပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၈၈)ဦးအား  ကိုဗစ်-၁၉ ကာကွယ်​ဆေးများကို ​ ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ ထိုးနှံ​ပေးခြင်း ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ  ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

င်တင်ချို