သင်္ဃန်းကျွန်းကြီးစံပြကျေးရွာမင်္ဂလာစျေး၌ သတိပြုစရာ ကျွဲ၊ နွား၊ အရေပြား အကျိတ်နာရောဂါ လက်ကမ်းစာစောင်(အခမဲ့)ဖြန့်ဝေခြင်းနှင့် အသိပညာပေး နံရံကပ်ပိုစတာများပြသ

မင်္ဂလာဒုံ ဇူလိုင် ၈

ရန်ကုန်​တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးစံပြ ကျေးရွာအတွင်းရှိ မင်္ဂလာစျေး၌ စျေးဝယ်သူများနှင့် စျေးရောင်းသူများအား မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဒေါက်တာဒေါ်နေခြည်နွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ စျေးတာဝန်ခံ ဒေါ်သိင်္ဂီဇော်တို့က ယမန်နေ့နံနက်(၉)နာရီ(၃၀)အချိန်က သတိပြုစရာ ကျွဲ၊ နွား၊ အရေပြားအကျိတ်နာရောဂါ လက်ကမ်းစာစောင်(အခမဲ့)ဖြန့်ဝေခြင်းနှင့် အသိပညာ​​ပေးနံရံကပ်ပိုစတာများပြသခဲ့ကြောင်း သိရသည်။

ကျွဲ၊ နွား အရေးပြား အကျိတ်နာရောဂါသည် ဗိုင်းရပ်စ်ရောဂါပိုးသယ်ဆောင်သည့် မှတ်၊ခြင် ၊ ယင်၊ မွှားများကိုက်ရာမှတစ်ဆင့် ကူးစက်နိုင်ပြီး ၎င်းရောဂါသည် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားလျက်ရှိ​ပါသဖြင့် မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ကိုင်နေသူများ သတိထားကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လက်ကမ်းစာစောင်(အခမဲ့) ဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများပြသခြင်းတို့ကို တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိသည်။

လက်ကမ်းစာ​စောင်နှင့် နံရံကပ်ပိုစတာများတွင် ရောဂါစတင်ဖြစ်ပွားသည့် လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံပုံနှင့် ရောဂါကာကွယ်နိုင် သည့်အချက်များ ​ဖော်ပြထားကြောင်းသိရှိရသည်။

မြတ်သူဇာ (မင်္ဂလာဒုံ )