မိုင်းရှူးမြို့နယ်တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊‌ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

မိုင်းရှူး  ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ ‌မွန်းလွဲ(၁) နာရီက မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့‌ကြောင်း  သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် ကဗျာပြိုင်ပွဲကို လွမ်းချင်းသက်သေဇူလိုင်မျက်ရည် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲကို မျက်ရည်သွန်းဖြိုးဇူလိုင်မိုးခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ဆောင်းပါးပြိုင်ပွဲကို အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများဖြင့်လည်းကောင်း အထက်တန်းအဆင့် ‌ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများကို ကျရောက်မည့် (၇၅)နှစ်‌မြောက် အာဇာနည်နေ့တွင် ဆုများချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)