ဒဂုံအရှေ့ ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်အဖြစ် အခြေခံပညာကျောင်းများသို့ ကွင်းဆင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်၉နာရီအချိန်က အမှတ်(၁၂၅)ရပ်ကွက်၊ အမှတ်(၂၁) အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆရာ၊ ဆရာမတို့ပူးပေါင်းပြီး အမှတ်(၂၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူဒုတိအကြိမ်ထိုးနှံသူ(၁၀၄)ဦးနှင့် အကြောင်းအမျိုးကြောင့် ပထမအကြိမ်မထိုးနှံရသည့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး စုစုပေါင်း(၁၂၄)ဦးတို့အား Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသွားရောက်ကွင်းဆင်းထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျောင်းများသို့လည်း သတ်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန် (ပြန်/ဆက်)