မိတ္ထီလာ၌ စားသုံးဆီအရောင်း ၉ ဆိုင်၌ ရည်ညွှန်းဈေးနှုန်း ၁ ပိဿာ ၆၂ဝဝ ကျပ်ဖြင့်ရောင်းချပေး

မိတ္ထီလာ ဇူလိုင် ၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ရည်ညွှန်းဈေးနှုန်းဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို မိတ္ထီလာမြို့ရှိ စားသုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင် ယနေ့နံနက်ပိုင်းက လူတစ်ဦးလျှင် စားသုံးဆီ ၁ ပိဿာ ၆၂ဝဝ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းကနေ ရည်ညွှန်းဈေးနှုန်းနဲ့ စားသုံးသူပြည်သူတွေကို ရောင်းချပေးဖို့ခွင့်ပြုပေးတဲ့ စားအုန်းဆီခွဲတမ်းရတဲ့အပေါ် မူတည်ပြီးလူတစ်ဦးကို စားအုန်းဆီ ၁ ပိဿာကို ၆၂ဝဝ ကျပ်နှုန်းနဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ ဒီနေ့ ရည်ညွှန်းဈေးနှုန်းနဲ့ ရောင်းချပေးတဲ့ စားသုံးဆီအရောင်းဆိုင်တွေက တော့စပယ်ပွင့်၊ ကျေးဇူးရှင်၊ ထက်တော်ဝင်၊ မိဘမေတ္တာ၊ ဇင်ယော်၊ဦးစန်းငွေ အောင်ဇေယျာ ဆီဆိုင်၊ ပဒေသာ၊ ဝေဖြိုးနှင့် Ever green ဆီဆိုင်များဖြစ်ပါတယ် မိတ္ထီလာမြို့ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိတ္ထီလာမြို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်းများအသင်းမှ ရည်ညွှန်းဈေးနှုန်းဖြင့် လစဉ်အလိုက် စားအုန်းဆီခွဲတမ်းရရှိသော စားသုံးဆီအရောင်းဆိုင်များတွင် ဒေသခံစားသုံးသူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများ အတိုင်း လစဉ်အလိုက် ပြန်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ချမ်းသာ