ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အသက်(၂)လမှတစ်နှစ်ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ဒဂုံအရှေ့ ဇူလိုင် ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)လမှတစ်နှစ်ခွဲကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို အမှတ်(၇)ရပ်ကွက်၊ ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ထိုးနှံ၊ တိုက်ကျွေးပေးနိုင်ခြင်းဖြင့် ပြင်းထန်တီဘီ ရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါများမဖြစ်အောင် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၂)လ မှ တစ်နှစ်ခွဲကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို လစဉ်ပုံမှန်အမှတ်(၇)ရပ်ကွက်၊ ဒေသန္တရကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်းသတင်းရရှိရသည်။

ဝင်းအိမွန် (ပြန်/ဆက်)