စဉ့်ကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကသဲစု အ-မ-ကကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

စဉ့်ကိုင် ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းနှင့်၀န်ထမ်းများက ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အမှား/အမှန်​ဝေဖန်ပိုင်းခြားတတ်စေရန်၊ ဉာဏ်ပညာထက်မြက်တိုးတက်စေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ(၁)နာရီက ကသဲစုအခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကသဲစုကျောင်းအုပ်ဆရာမကြီးဒေါ်သူဇာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်၀င်း၀င်းသန်း (ဦးစီးအရာရှိ)က ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေများလေ့လာဖတ်ရှုကြရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများတိုးတက်စေပြီး အမှား/အမှန်ကိုလည်း ခွဲခြားတတ်စေမှာဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများအား ပုံပြင်ဖတ်နည်းများကိုပြသပေးခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပပေးခြင်း၊ ပြိုင်ပွဲ၀င်သူများအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ စာအုပ်စာစောင်များကိုလည်း ဖတ်ရှုစေရန်ငှားရမ်းပေးခဲ့ပြီး၊ ကျောင်းသား၊ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်၊စာစောင်များအား စိတ်ပါ၀င်စားစွာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)