ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၂)ဖွင့်လှစ်

ပြင်ဦးလွင် ဇူလိုင် ၇

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ပြင်ဦးလွင်မြို့နယ်၊ သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း(၁/၂၀၂၂)ကို ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီမှ ၁၂ အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အရည်အချင်းများအကြောင်း၊ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုနှင့် အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများအကြောင်း၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများအကြောင်းနှင့် အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် နည်လမ်းများကို စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်း(၁/၂၀၂၂)ကို ဇူလိုင်လ (၇) ရက်နေ့မှ (၈) ရက်နေ့အထိ နှစ်ရက်တာ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် သမဝါယဦးစီးဌာန (ပြင်ဦးလွင်မြို့နယ်)မှ သင်တန်းသူ(၁၀)ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဖြူလူသစ်