ဥတ္တရသီရိ ဇူလိုင် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ယနေ့နက် ၁၁ နာရီ တွင် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း(Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် ဆွေနွေးပွဲကျင်းပသည်။
ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဥတ္တရခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ၊ စာရေးဆရာမ ဒေါ်နန်းဝင်းဝင်းစိန် (ရဿဝတီမေနန်း)က ဦးဆောင်၍ စာရေးသူ လေးအိမ်စု အရှင်ဝိစိတ္တသာရ စီစဉ်သည့် “စကားလက်ဆောင်၊ တရားလက်ဆောင်” စာအုပ်ထဲမှ အကြောင်းအရာများ၊ ဘဝအပေါ်ထားရှိသည့် သဘောထားအမြင်နှင့် ခံယူချက်များ၊ ရပ်တည်ရှင်သန်ရာပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေထိုင်နိုင်မှု၊ မိမိနေထိုင်ရာပတ်ဝန်းကျင် ထိစပ်ရာအဝန်းအဝိုင်းအပေါ် အကျိုးပြုနိုင်မှု၊ လူ့ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာအပေါ်မူတည်၍ လူတစ်ယောက်၏ တန်ဖိုးတစ်ဦးနှင့်တစ်ဦး ကွာဟကြောင်း စသည်တို့ကိုဆွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များ၏ မေမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေချစ်သူဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)