နမ့်စန်(တ) ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့နေ့လည် ၁ နာရီခွဲ က အဆိုပါကျောင်းရှိ သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲတွင် မူလတန်းနှင့်အလယ်တန်းအဆင့် ကဗျာ၊ စာစီစာကုံးနှင့် အထက်တန်းအဆင့်တွင်စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးတို့ယှဉ်ပြိုင်စေခဲ့ပြီး အထက(နမ့်စန်) ကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၆) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးဖြေဆိုနေမှုကို အ-ထ-က(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့မှ သက်ဆိုင်ရာ ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်၍ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
သူရအောင်(ပြန်/ဆက်)