ခိုလမ် ဇူလိုင် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ခိုလမ်မြို့(Community Centre)ခန်းမ၌ စာရေးဆရာ ဦးယဉ်ကျေး၏ ယဉ်ယဉ်ကျေးကျေး ပုံပြင်များစာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် ၁၁ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့ဦးစီးမှူး ဒေါ်ဖြူဖြူသော်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ယင်းနောက် ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများတိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသူ စုစုပေါင်း (၁၀)ဦး ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။နေလင်းထွန်း(ခိုလမ်)