ငါန်းဇွန်၊ စက်တင်ဘာ ၉
မန္တလေးတိုင်ဒေကြီး၊ ငါန်းဇွန်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ထန်းဇင်လှကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးအုန်းမောင်၊ အတွင်းရေးမှူး ဦးဟန်မြင့နှင့် အဖွဲ့ဝင်များသည် ထန်းဇင်လှကျေးရွာအတွင်း တစ်အိမ်တက်ဆင်းသွားရောက်၍ မဲပေးခွင့်ရှိသောပြည်သူများ မဲစာရင်းတွင် ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးပြီး မပါဝင်ပါက ထည့်သွင်းပေးခြင်း၊ မှားယွင်းနေပါက ပြင်ဆင်ပေးခြင်း စသည်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)