ရွှေပြည်သာ ဇူလိုင် ၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို (ဒုတိယအကြိမ်)စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၃၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၄)ကျောင်း စုစုပေါင်း(၈၄)ကျောင်းမှ ကျောင်းသား/သူများကို ရွှေပြည်သာမြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဖွဲ့များခွဲကာ အလှည့်ကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း (ရွှေပြည်သာ)