နွားထိုးကြီးမြို့အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

နွားထိုးကြီး ဇူလိုင်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာကျောင်းများတွင် အသက်()နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းမှစ၍ အခြေခံပညာကျောင်းများတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ  ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လာရောက်ကြည့်ရှုခဲ့ကြပြီးလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းသူများအား မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် အသက် ()နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ကျောင်း သူ၊    စုစုပေါင်း(၁၆၂၉)ဦးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)အား ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျထိုးနှံပေလျက်ရှိပြီး ကျန်ရှိနေသော အခြေခံပညာကျောင်းများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။

သန်းအောင်ဇော်