မန်တုံမြို့နယ်တွင် တအာင်း(ပလောင်)ရိုးရာ ဝါဝင်ကန်တော့ပွဲ ကျင်းပ

မန်တုံ  ဇူလိုင်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ဝါဝင်ကန်တော့ပွဲအား နှစ်စဉ် ဝါမဝင်ခင် ဝါဆိုလဆန်း (၇)ရက်၊ (၈)ရက်နေ့များ၌ ကျင်းပလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မန်တုံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊  မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါဝင်ကန်တော့ပွဲတွင် တစ်မြို့နယ်လုံးရှိ ဝါကြီးရဟန်းများ၊ သံဃာတော်များက ကြွလာကြပြီး ဝါဆိုလဆန်း(၇)ရက်ညတွင် အမှတ်(၂)ရပ်ကွက် မဟာမြတ်မုနိဘုရားကြီး၌ ပွဲတော် ကျင်းပခဲ့ရာ ဝါစဉ်အလိုက် ကန်တော့ကြကာ ရပ်ရွာပြည်သူများမှာ ငါးပါးသီလခံယူခြင်း၊ သီလရှင်များမှာ ရှစ်ပါသီလခံယူဆောင်တည်ခြင်း၊ ရဟန်း၊ သံဃာများမှာ ဆယ်ပါးသီလခံ ယူဆောင်တည်ပြုပြီး  ပျော်ပွဲရွှင်ပွဲများကျင်းပပေး၍ ပွဲသို့ လာရောက်ကြသော ရပ်နီး၊ ရပ်ဝေးမှ ရွာသူ၊ ရွာသားများအား ထမင်းများ တည်ခင်းဧည့်ခံခြင်းနှင့်ညပိုင်းတွင် ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)