နောင်ချိုမြို့နယ် ဈေးကွက်အတွင်းရှိ (စားသောက်ကုန်များနှင့်လူသုံးကုန်) ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နောင်ချို ဇူလိုင် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဈေးကွက်အတွင်းရှိ (စားသောက်ကုန်များနှင့်လူသုံးကုန်) ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လန် ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက နောင်ချိုမြို့ပေါ်ရှိ စားသောက်ကုန်နှင့်လူသုံးကုန်အရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ရာကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ရသင့်ရထိုက်သော အခွင့်အရေးများရရှိစေရေး၊  စားသုံးသူများ၏ ကျန်းမာရေးတို့အတွက် အများပြည်သူသုံးစွဲသော ကုန်စည်များ အရည်အသွေးပြည့်ဝမှုရှိစေရန် ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)