လယ်ဝေး ဇူလိုင် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre(လူထုအခြေပြုဗဟိုဌာန)တွင် ကျောင်းသားကျောင်း သူလေးများ အသိပညာဗဟုသုတများ တိုးပွားပြီး လေ့လာမှတ်သားနိုင်မှု စွမ်းရည်များရရှိနိုင်စေရန်အတွက် ဖတ်မှတ်စွမ်းရည်နှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် အခြေခံပညာမူလတန်းလွန်(ဗဟို)ကျောင်းမှ ဒုတိယတန်း ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးကို ဗဟုသုတများတိုးပွားစေနိုင်သည့် စာအုပ်များအား ဖတ်ရှုစေပြီး ဖတ်မှတ်စွမ်းရည်များ တိုးတက်လာနိုင်စေရန် ပြောကြားစေသည်။ ထို့နောက် ကျောင်း သားကျောင်းသူတစ်ဦးချင်းကို ဉာဏ်စမ်းပဟေဠိ မေးခွန်းများမေးမြန်းကာ အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများအား မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုလွင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းမွန်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ လယ်ဝေး မြို့နယ်ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူလေးများ ဗလ(၅)တန်ဖြင့် ပြည့်စုံလာနိုင်စေရန်အတွက် အသိပညာဗဟုသုတများရရှိနိုင်မည့် ပြိုင်ပွဲအမျိုးမျိုးကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)