ဂွ ဇူလိုင် ၇
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်စီမံကိန်း၊ Cash For Work စီမံကိန်း ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များက ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပတ်သက်၍ လျာထားကျေးရွာများအား အကြံပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ကျေးရွာ(၁၅)ရွာရှိသည့်အနက် ထပ်တိုးဆောင်ရွက်ရန် ကျေးရွာ(၉)ရွာအနက် (၈)ရွာရွေးချယ်ခြင်း၊ မြစိမ်းရောင်စီမံကိန်း လျာထားကျေးရွာများအနက် အိမ်ခြေ(၁၀၁)အိမ်နှင့် အထက်(၃)ရွာတွင် (၂)ရွာ၊ အိမ်ခြေ(၅၁)အိမ်နှင့်အထက်(၂)ရွာတွင် (၁)ရွာ၊ အိမ်ခြေ(၅၁)အိမ်နှင့်အောက် (၃)ရွာတွင် (၁)ရွာရွေးချယ်ခြင်း၊ Cash For Work စီမံကိန်း ကျေးရွာများတွင် ဆောင်ရွက်မည့် ကျေးရွာ(၃)ရွာရှိသည့်အနက် ထပ်တိုးဆောင်ရွက်ရန် လျာထားသည့် ကျေးရွာ(၄)ရွာတွင် (၂)ရွာရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်