မူဆယ် ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မူဆယ်ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၂)ကို ၄.၇.၂၀၂၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မူဆယ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင် ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက သင်တန်းပြီးဆုံးချိန်တွင် သင်ခန်းစာများကို မမေ့ဖို့၊ ရုံးလုပ်ငန်းများနှင့်ပက်သက်သည့် သင်ခန်းစာများကို အဆက်မပြတ်လေ့လာရန်၊ သင်ခန်းစာများကို လက်တွေ့ လိုက်နာကျင့်သုံးရန်နှင့် သင်တန်းသူ/သားများအနေဖြင့် စဉ်ဆက်မပျက်စာအုပ်များများ ဖတ်သင့်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးစွမ်းရည်မြှင့် သင်တန်းတွင် စာမေးပွဲဆန်းစစ်ချက်ပြုလုပ်ခဲ့ရာ အမှတ်အများဆုံးရရှိသော သင်တန်းသား/ သူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အကောင်းဆုံးဆုများကို ပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)