ဇမ္ဗူသီရိ ဇူလိုင် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက “အမျိူးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး”Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက “အမျိူးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး”Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်ဇင်ဇင်အောင်က ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အကြမ်းဖက်ခံရမှုကြောင့်ထိခိုက်နစ်နာမှုအခြေအနေများ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုမခံရစေရေးအတွက် ကာကွယ်ရမည့်နည်းလမ်းများနှင့် အမျိုးသမီးများအပေါ် ကာကွယ်ပေးထားသော ဥပဒေများနှင့်ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)