ပုံပါကျင်မြို့၌ စာဖတ်ရှိန်မြင့်တင်‌ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း၊‌‌ ဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

ပုံပါကျင် ဇူလိုင် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ဟွေအော့ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်(၁၀:၀၀)က နယ်လှည့်စာကြည့်တိုက်လုပ်ငန်း၊ မူးယစ်ဆေးဝါး အသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုံပါကျင်မြို့ရုံးအနေနှင့် ကျောင်းသား၊ ကျောင်းသူများစာဖတ်သည့် အလေ့ကျင့်ကောင်းများရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာ၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ဝန်ထမ်းများက သုတ/ရသစာအုပ်များ သယ်ဆောင်ကာ ဟွေအော့ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ စာဖတ်ရှိန်မြင့်တင်ရေး နယ်လှည့်စာကြည့်တိုက်များ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စာအုပ်စာ‌စောင်များငှားရမ်းပေးခြင်း၊ မူးယစ်ဆေးဝါးအသိပညာပေး‌ ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ပြသ‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့်‌ ကျောင်းသား ကျောင်းသူ‌လေးများအတွက် လက်ဝယ်အ‌ရောက် စာအုပ်စာ‌စောင်များ ငှားရမ်း‌ပေးခြင်းတို့အပြင် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြူနိုင်(ပြန်/ဆက်)