မြစ်ကြီးနားမြို့၌ အသိပညာပေးဟောပြောပွဲနှင့် သုတရသစာအုပ်များ လှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား ဇူလိုင် ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရက်ကွပ်၊ အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်း ဒူဝါခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် သုတရသစာအုပ်များ လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ သည်။

ရှေးဦးစွာ ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက အသိ ပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ)က "ဘာမဆိုဖြစ်နိုင်တယ်" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ စာရေးဆရာ ဇေယျာညီညီက "လဲရင်ပြန်ထပါ" ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းအတွက် ကချင်ပြည်နယ် စာကြည့် တိုက်များ ဖောင်ဒေးရှင်းမှ သုတရသစာအုပ်များ လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်နွယ်က လက်ခံရယူ ခဲ့သည်။

အဆိုပါ‌ ဟောပြောပွဲကို ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခဲ့ကြောင်းနှင့် အသိပညာပေး ဟောပြောပွဲတွင် ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦး တက်ရောက်ခဲ့သည်။

ယော်ဆောင်(ပြန်/ဆက်)