မိုးနဲ ဇူလိုင် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် အသစ်ငှားရမ်းပေးခြင်းနှင့် ယခင်ငှားရမ်းထားသော စာအုပ်များပြန်လည် သိမ်းဆည်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းသွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းအားဖြင့် စာဖတ်ပရိတ်သတ်ပိုမိုတိုးပွားလာခြင်း၊ အသင်းဝင်ပိုမိုတိုးတက်လာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ အားလပ်သောအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေခြင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ်ပိုမိုကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်စေရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ အပတ်စဉ် စာအုပ်စာစောင်များ ကွင်းဆင်းသွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)