မံစီ ဇူလိုင် ၇
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းအရာများကို သိရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို စိတ်ဝင်တစား ပါဝင်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေး လုပ်ငန်းများကို အွန်လိုင်းမှတဆင့် ပြုလုပ်လျက်ရှိနေခြင်းဖြစ်ပြီး အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို အွန်လိုင်းလူမှုကွန်ယက် စာမျက်နှာများမှတဆင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးက ပြောကြားသည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မံစီမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမောင်မောင်ကျော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအရာများ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောအကြောင်းအရာများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)