အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်းများရှိ  နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများအား ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်

အမ်း ဇူလိုင် ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်း/စုရပ်များရှိ နေရပ်ပြန်မည့်တိုက် ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၅၁)စု၊ လူဦးရေ (၇၀၇)ဦးအား ဇူလိုင်(၆)ရက်​နေ့က ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့နံနက် (၉:၃၀)အချိန်က မိုးလုံလေလုံ အားကစားခန်းမမှ ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေရပ်သို့ ပြန်လည်ပို့ဆောင်​ခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း ဦးဆောင်၍ မော်တော်ယာဉ်များဖြင့် နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူများ ပြောင်းရွှေ့မှုကို နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ၊  ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  အားပေးစကားပြောကြားကာ ဒါးလက်အလယ်ကျွန်းကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

စိုးမင်းထွန်း