ပင်းတယမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး

ပင်းတယ ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ Mobile Library စနစ်ဖြင့် ပင်းတယမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ စာအုပ်၊စာစောင်များ အခမဲ့ သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး၊ ပင်းတယမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးနှင့် ဝန်ထမ်းများအနေဖြင့် မအားလပ်၍ အချိန်မပေးနိုင်သည့်အတွက် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်/စာငှားပရိသတ်များအတွက် သုတ၊ရသစာအုပ်၊ စာစောင်များအား အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်ပြီး Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စာအုပ်၊ စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်းဖြစ်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ပင်းတယမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို တစ်လတစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးလတ်(ခရိုင်ပြန်/ဆက်)