ပူတာအိုမြို့၌  ၂၀၂၂-ခုနှစ် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဖလား မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပူတာအို ဇူလိုင် ၇

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်/မြို့နယ် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုအသင်းတို့က ကြီးမှူး၍ ၂၀၂၂-ခုနှစ် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဖလား မိုးရာသီ(အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက ပူတာအိုမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဗိုလ်လုပွဲတွင် မန်ပန်ဘောလုံးအသင်းနှင့် ပူတောင်းဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန်ပန်ဘောလုံးအသင်း ကလေးဂိုး သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆုချီးမြှင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့၀င်များက နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု၊ ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစား သမားဆု၊ ဂိုးသွင်းအများဆုံး အားကစားသမားဆု၊ ဒုတိယဆုငွေသားဆုနှင့် တစ်ဦးချင်းလည်ဆွဲနှင့် ပထမဆု ငွေသား ဆု၊ ဆုဖလားနှင့် တစ်ဦးချင်းလည်ဆွဲတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပူတာအို/မချမ်းဘော့မြို့နယ်ရှိ တိုင်းခမ်းတီကျေးရွာများမှ ဘောလုံးအသင်း (၁၁)သင်းတို့က ဇွန်(၇)ရက်မှစတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲကို လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားကို စိတ်ပါ၀င်စားလာပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားတတ်လာစေရန်နှင့် လူငယ်များအချင်းချင်းချစ် ခင်ရင်းနှီးမှုရရှိလာပြီး ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ခရိုင်တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောနွဲ့တင်လှထံမှ သိရသည်။

ဖုန်ကန်(ပူတာအို)