ရမ်းဗြဲ ဇူလိုင် ၇
ရမ်းဗြဲမြို့နယ် စာရင်းစစ်ရုံး အဆောက်အဦးသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က မြို့နယ်ရုံး ဆိုင်းဘုတ်အား မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်သန်းနှင့် မြို့နယ် စာရင်းစစ်အရာရှိ ဒေါ်စောသူဇာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။
အဆိုပါ ရုံးအဆောက်အဦးသစ်ဖွင့်ပွဲ အခမ်းအနားတွင် ဆရာတော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ “ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော်ပွဲမင်္ဂလာ”ကို ကျင်းပရာ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကာ ရေစက်သွန်ချ အမျှပေးဝေလျက် သာဓု အနုမော ဒနာ ခေါ်ဆိုကြပြီးနောက် ဆရာတော်အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို လည်းကောင်း၊ ဒံပေါက်ဆွမ်းဘောဇဉ်ကိုလည်းကောင်း မြို့နယ်စာရင်းစစ်အရာရှိ ဒေါ်စောသူဇာနှင့် ဝန်ထမ်းများက ဆက်ကပ် လှူဒါန်းပေးခဲ့ကြသည်။
ရုံးအဆောက်အဦးသစ်ဖွင့်ပွဲသို့ တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများကိုလည်း ဒံပေါက်ဆွမ်းအဟာရ ဖြင့် ဧည့်ခံကျွေးမွေးပေးခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း