မိတ္ထီလာ ဇူလိုင် ၇
မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စစ်မှုထမ်းဟောင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး မောင်မောင်ရှင် (ငြိမ်း)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးသန်းနိုင်(ငြိမ်း)က ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြော ကြားခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး မောင်မောင်ရှင် (ငြိမ်း)၊ မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး သန်းနိုင်(ငြိမ်း)၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီး နန္ဒကျော်သူ (ငြိမ်း)နှင့်တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့ကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အရန်အဖွဲ့ ဝင်မျာ၏ သားသမီး ၃၈ ဦး ရှိသည့်အနက် (၆)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ (၁)ဦး၊ (၄) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ (၂)ဦး၊ (၂)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ(၃)ဦး၊ (၁)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ (၁၀)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၄)ဦးတို့အား စုစုပေါင်း ငွေကျပ် (၁၀၅၃၀၀၀)ကို ပေးအပ်ခဲ့ရာ (၆)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ မမြတ်အေးညွှန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး မောင်မောင်ရှင် (ငြိမ်း)၊ မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး သန်းနိုင်(ငြိမ်း)၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီးနန္ဒကျော်သူ (ငြိမ်း)နှင့်အဖွဲ့ဝင်များ၊ ၎င်းတို့၏ သားသမီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)