လှည်းကူး ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၌ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက မြို့နယ်စည်ပင်သာယာအဖွဲ့ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင ်လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ နေအိမ်များ၌ ရေကန်၊ ရေစည်၊ ရေအိုးများ၊ မိုးရေတင်နိုင်သောခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက်၊ ညောင်ရေအိုး၊ ပန်းအိုးများတွင် ပိုးလောက်လန်းကာကွယ်ရေး အဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို တစ်အိမ်တက်ဆင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)