ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား စုရပ်များအလိုက် ဆက်လက်ထိုးနှံပေး

ဝမ်းတွင်း  ဇူလိုင်  ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  ဝမ်းတွင်းမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို သက်မှတ်ထားသေားစုရပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၈)နာရီ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အခြေခံပညာကျောင်းများတွင် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၅)နှစ်မှ (၁၅)နှစ်ကြားရှိ ကျောင်းသား၊ကျောင်းသူများ၊ အသက်(၅)နှစ်မှ(၁၅)နှစ်ရှိကျောင်းပြင်ပ (ကျောင်းမနေသူများ)၊ အသက်(၁၅)နှစ် အထက်ရှိသူများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး ယမန်နေ့ကတွင် Sinopharm First Dose Phase-12(၂၃၀)ဦး၊ Myancopharm First Dose Phase-11(၁၈၀)ဦး၊ Covishield Second Dose Phase-9 (၆၀၅)ဦး၊ Sinopharm Second Dose Phase-11 (၁၉၈၅)ဦး၊ Myancopharm Second Dose Phase-11(၃၆၀)ဦး၊ Booster Dose Covishield(၄၇၃)ဦး  စုစုပေါင်းပြည်သူ (၃၈၃၃) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)