မိုင်းငေါ့ ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် မိုင်းငေါ့မြို့ရုံး ပြည်သူ့စာကြည့်တိုက် သို့လာရောက်၍ စာပေလေ့လာဖတ်ရှုသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူလေးများမှ ညနေကျောင်းဆင်းချိန်၌ စာကြည့်တိုက်သို့ စာအုပ်/စာစောင်များငှား ရမ်းဖတ်ရှုကြပြီး စာကြည့်တိုက်တွင် ကလေးအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်များ၊ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး၊ Happy Time စသည့် စာအုပ်စာစောင်များအပြင် ကလေးများအကြိုက် ပြိုင်ပွဲအစီအစဉ်များပြုလုပ်ပေးကာ အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ပေးကြောင်း ကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်းအပြင် စာကြည့်တိုက်ကို ဗဟုသုတရှာဖွေရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားကြောင်း သိရသည်
မြို့ရုံး ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်း ကိုသီးသန့်ဆောင်ရွက်ထားပြီး ကလေးများအကြိုက်၊ ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်၊ စာကားပုံဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်းနှင့် စာဖတ်စွမ်းရည်စသည်တို့ကို ပြိုင်ပွဲပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)