ပြင်ဦးလွင် ဇူလိုင် ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးနေကြာမျိုးစေ့ထုတ် ဧက (၁၀၀) စံပြကွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပြင်ဦးလွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင် ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စိုက်ပျိုးတောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းမှ အဖွင့် အမှာစကားပြောကြားပြီး၊ ပြင်ဦးလွင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဖုန်းမောင်မှ ၂၀၂၂ - ၂၀၂၃ ခုနှစ်မိုးနေကြာမျိုးစေ့ထုတ် ဧက (၁၀၀) စံပြကွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ ကျင်းပရခြင်း အကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ယူရီးယားဓာတ်မြေဩဇာ(၅၀ )အိတ်၊ ဆင်းရွှေကြာ-၂ (မျိုးစေ့) (၂၅ ) တင်း၊ မျိုးစေ့လူးနယ်ဆေးနှင့် ပိုးသတ်ဆေးများကို မိုးနေကြာ (မျိုးစေ့ထုတ် ) စိုက်ပျိုးတောင်သူ ( ၃၅ ) ဦးအားလက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာ တာဝန်ခံများမှ နေကြာသီးနှံစိုက်ပျိုးရာတွင် စိုက်ပျိုးမြေနေရာရွေးချယ်ခြင်းနှင့် မြေပြုပြင်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ တန်းကြာ၊ ပင်ကြားနှင့် စိုက်ပျိုးနည်းစနစ်၊ မြေဩဇာကျွေးခြင်းနှင့်ဘောင်တင်ခြင်း၊ နေကြာသီးနှံတွင်ကျရောက်တတ်သောပိုးမွှားရောဂါများအကြောင်းနှင့် ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းနည်းများစသည့်တို့ကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက် )