ဒဂုံအရှေ့ ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ကျောင်းများသို့ကွင်းဆင်း၍ ထိုးနှံပေးခြင်းကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆရာ၊ ဆရာမတို့ပူးပေါင်းပြီး အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူဒုတိအကြိမ်ထိုးနှံသူ(၄၂၃)ဦးနှင့် အကြောင်းအမျိုးကြောင့်ပထမအကြိမ်မထိုးနှံရသည့် ကျောင်းသား/သူ(၁၂၂)ဦး စုစုပေါင်း(၅၄၅)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သွားရောက်၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျောင်းများသို့လည်း သတ်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များကဝိုင်းဝန်း၍ လိုအပ်သည်များပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန် (ပြန်/ဆက်)