ဂွမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ ရုပ်ပုံမှတ်တမ်းဖြင့် အသိပညာပေး ဆောင်ရွက်

ဂွ ဇူလိုင် ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ ရုပ်ပုံမှတ်တမ်းဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန်က ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် နောင်လာနောက်သားများအား လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနဲ့အတူ အာဇာနည်နေ့ သမိုင်း​ကြောင်း ဖြစ်ပေါ်လာပုံကို သိရှိစေရန် ရည်ရွယ်၍ ဂွမြို့နယ်ရုံးမှ အငယ်တန်းစာရေး ဒေါ်ခင်မြဝါက ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ရုပ်ပြပုံမှတ်တမ်းဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်