မိုင်းရယ်မြို့နယ်၌ တရားမဝင်သစ်ခိုးထုတ်မှုလျော့နည်း ပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြော

မိုင်းရယ် ဇူလိုင် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် သစ်တောဦးစီးဌာနမှဦးစီး၍ တရားမဝင် သစ်ခိုးထုတ်မှုလျော့နည်းပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နားဖျိုင်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် သစ်တောဦးစီးဌာနမှ တာဝန်ခံ ဦးအေးမြင့်အောင်က မြို့နယ်သစ်တောဦးစီးဌာန၏ သစ်တောပြုပြင်ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ မြန်မာ့သစ်တော၏ မူဝါဒနှင့်အညီ သစ်တောများ ပြန်လည်တည်ဆောက်ရေး စီမံကိန်းဖြင့် သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ကျေးရွာနေပြည်သူများအနေဖြင့် တရားမဝင်သစ်ခိုးထုတ်မှု လျော့နည်းပပျောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရေး စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ဒေသခံပြည်သူ ၃၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်