မိတ္ထီလာ ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မိုးကြိုချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကွက်ငယ်ကျေးရွာအုပ်စု ကွင်းအမှတ်(၁ဝ၆၂)၊ကြာကန်အရှေ့ကွင်းရှိ တောင်သူ ၃ ဦး၏ ချည်မျှင်ရှည် ဝါစိုက်ခင်းများတွင် ကျင်းပကြောင်းသိရသည်။
အဆိုပါ မိုးကြိုချည်မျှင်ရှည်ဝါစံကွက် ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးသန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးထွန်းအေး၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များနှင့် ဝါစိုက်တောင်သူများတက်ရောက်အားပေးကြသည်။
အဆိုပါ မိုးကြိုချည်မျှင်ရှည်ဝါစံကွက်ရိတ်သိမ်းပွဲတွင် ကောင်း၊ သင့်၊ ညံ့ အမျိုးအစားသုံးမျိုးခွဲ၍ ရိတ်သိမ်းရာ ဦးပိုင်အမှတ် (၄၄/၁) တောင်သူဦးသန်းဌေး၏ ကောင်းကိုယ်စားပြုစံကွက်မှ ၁ ဧက အထွက်နှုန်း (၄၈၁.၆၆ ) ပိဿာ၊ ဦးပိုင်အမှတ်(၉၃) တောင်သူ ဦး ဆန်းဝင်း၏ သင့်ကိုယ်စားပြုစံကွက်မှ ၁ ဧက အထွက်နှုန်း (၃၃ဝ.၇၃ )ပိဿာနှင့် ဦးပိုင်အမှတ် (၉၂) တောင်သူဦးဇော်မောင်၏ ကိုယ်စားပြုစံကွက်မှ ၁ဧက အထွက်နှုန်း ( ၁၈၃.၆၄) ပိဿာ အသီးသီးထွက်ရှိကြောင်း သိရသည်။
ချမ်းသာ