ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း (၆/၂၀၂၂)အား ယနေ့ နံနက်(၉)နာရီ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်း (၅/၂၀၂၂)၏  ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တင်ပြဖတ်ကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတိုင်းဒေသကြီး ရန်ပုံငွေဖြင့်ခွင့်ပြုထားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က စီစစ်ကြပ်မတ်သွားရန်၊ ခွင့်ပြုရန်ပုံငွေများကိုဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စီစစ်သုံးစွဲရန်၊ အခွန်အကောက်တွေ အပြည့်အဝရရှိရေးစနစ် တကျကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းလုပ်ကိုင်ရာတွင် ဌာနဆိုင်ရာအချင်းချင်းပူးပေါင်း ဆောင်ရွက်ရန်တိုက်တွန်းပါကြောင်း၊ လက်အောက်ဝန်ထမ်းငယ်များအား စာမေးပွဲငယ်များပြုလုပ်၍ အရည်အသွေးတိုးမြှင့်ရန် ဌာနအတွင်း ဆောင်ရွက်စေလိုပါကြောင်း၊ ကိုဗစ်-၁၉ ‌ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့အတိုင်း အများပြည်သူအသုံးပြုသော ရုံးများ၊ ကျောင်းများ၊ စျေးဝယ်စင်တာများ၊ ဆေးရုံများ၊ ဘက်စ်ကားများ၊ လူနေထူထပ်သော နေရာများတွင် Mask ကို မဖြစ်မနေတပ်ရန်လိုအပ်ကြောင်း၊ ရုံးများကိုလည်း သန့်ရှင်းရေးဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ သဘာ၀ဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ကြိုတင်လေ့ကျင့် ဆောင်ရွက် ထားရှိစေလိုပါကြောင်း ပြောကြားပါသည်။

ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်များ၊ လမ်းများသန့်ရှင်းရေး ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ လုပ်ငန်းဆိုင်ရာများကိုဆွေး နွေးတင်ပြကြပြီး ဝန်ကြီးချုပ်မှ နိဂုန်းချုပ် စကားပြောကြားကြောင်း သိရသည်။

ကျော်ဆန်းမြင့်