လှည်းကူး ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့ မွန်းလွဲ (၁) နာရီက လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာ အုပ်စု၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ် အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် တာဝန်ရှိသူတို့က ကျွန်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် ပထမ (၃) လပတ်အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းကို အဘိုး/အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)