လဲချား ဇူလိုင် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ထိုးနှံပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇင်မောင်နွယ်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြမြစန်းတို့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား/သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးကောင်မွန်သည့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)