နမ့်ဆန် ဇူလိုင် ၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေအကျိုးကျေးဇူးအကြောင်း သိရှိစေရန် ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ဌားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်း(၁)နာရီအချိန်တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၁)တို့တွင်စာအုပ်စာစောင်ကို အခမဲ့ဌားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များဌားရမ်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဆရာ၊ ဆရာမများအားလပ်ချိန်တွင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှူတတ်သည့် အလေ့အကျင့်ရှိစေရန်စာပေကိုဖတ်ရှုတတ်သည့် အလေ့အကျင့်များရရှိစေရန်အတွက် စာအုပ်စာစောင်များကို အခြေခံပညာကျောင်းများသို့သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဆရာ၊ ဆရာမများ ဖတ်ရှုနိုင်စေရန် သုတ/ရသစာအုပ်များကိုတစ်ဦးလျှင် နှစ်အုပ်နှုန်းဖြင့်ဌားရမ်းခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့မလာရောက်နိုင်သည့်စာပေချစ်သူ မိဘပြည်သူများကို အပတ်စဉ်ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ မိုဘိုင်းစနစ်ဖြင့် ဗဟုသုတရရျိနိုင်မည့် သုတ/ရသစာအုပ်များကို စာဌားသူတစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၇)ရက်ကြာအချိန်ပေး၍ စနစ်တကျ ဌားရမ်းပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)