နွားထိုးကြီးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

နွားထိုးကြီး ဇူလိုင်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့်  မိခင်နှင့်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများတွင် သောက်သုံးရေထည့်သော ရေလှောင်ကန်များ၊ အုတ်ကန်၊ စဉ့်အိုး၊ ရေအိုး၊ ဘုရားပန်းများတွင် ခြင်ခိုအောင်းခြင်းမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား လက်တွေ့ပြသပြီး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်