သာစည် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားရှိသူများနှင့် အကြိမ်ပြည့်ထိုးနှံထားရှိသူများအား ထပ်ဆောင်း Booster ကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်ဆေးထိုးစုရပ်များ၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လှိုင်းတက်ကျေးရွာအုပ်စု၊ အောင်သာကျေးရွာအုပ်စု၊ ဆမြိတ်ရှည် ကျေးရွာအုပ်စု၊ သာဂရကျေးရွာအုပ်စု၊ ရွှေလှံကျေးရွာအုပ်စုရှိ ပြည်သူများအား ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့များက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများဆောင်ရွက်၍ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ဒေသခံပြည်သူ ၁၀၄၅ ဦးအား ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးရန်ကျန်ရှိနေသူများကိုလည်း ဇူလိုင်လ ၈ ရက်နေ့အထိ သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)