လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံး ဖွင့်ပွဲ ကျင်းပ

တောင်ကုတ် ဇူလိုင် ၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ ခရိုင် ဦးစီးမှူးရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကုတ်ခရိုင်ဦးစီးမှူး ၊ဒုတိယ ညွှန်ကြားရေးမှူး ဦးရည်သန့်က ခရိုင်ရုံး ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြပြီးနောက် ခရိုင်ရုံး ဆိုင်းဘုတ်အား ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်၊ ဒုတိယညွှန်ကြား‌ရေးမှူး ဦးရည်သန့်နှင့် မြို့မိမြို့ဖ ဦးကျောက်တောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။

အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)